အ‌ရည်အသွေးကောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု နည်းပညာပေးသင်တန်း ဖွင့်လှစ် သင်ကြားပို့ချ

သာပေါင်း နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ အရည်အသွေးကောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြသည်။

‌ရည်အသွေးကောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးသန့်ဇင်မှ ရော်ဘာစိုက်ပျိုးတောင်သူများ စိုက်ပျိုးမြေရွေးချယ်မှုမှန်ကန်ပြီးဒေသနှင့် ကိုက်ညီမည့်မျိုးသန့်များ ‌ရွေးချယ်၍ ပြုစုထိန်းသိမ်းနည်းစနစ်များ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးဇော်ညွှန့်ဦးက ရော်ဘာခြံပိုင်ရှင်များနှင့် ကျွမ်းကျင်လုပ်သားများအား အထွက်တိုးမြင့်မားလာစေရေး အဆင့်မြင့်အရည်အသွေးကောင်း စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များ ဆင့်ပွားပို့ချပေးပြီးနောက် ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မွန်းနိုနိုဦးက ရော်ဘာအထွက်နှုန်းတိုးတတ်ရေးအတွက် မစိုက်ပျိုးမီ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဒေသအလိုက်စိုက်ပျိုးရန်သင့်တော်သည့် မျိုးများနှင့် စိုက်ပျိုးနည်းများ၊ စိုက်ခင်းပြုပြင်ထိန်းသိမ်းနည်း၊ ရော်ဘာအစေးလှီးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အရည်အသွေးကောင်း ရော်ဘာထုတ်လုပ်ရေးတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်တို့ကို ရပ်ကွက်၊ ကျေးရွာများမှ တတ်ရောက်လာကြသော သင်တန်းသား(၁၂)ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီးစာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း ပြန်/ဆက်