ဝါးခယ်မမြို့နယ် ဦးနုစာကြည့်တိုက် (၁၀) နှစ်ပြည့် အထိမ်းအမှတ် စာပေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဝါးခယ်မ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဦးနုစာကြည့်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဦးနုစာကြည့်တိုက် (၁၀) နှစ်ပြည့် အထိမ်းအမှတ် စာပေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ဝါးခယ်မမြို့နယ် နာယကကြီး ဦးကြည်မြင့်၊ ဦးနုစာကြည့်တိုက် ဥက္ကဋ္ဌ ဦးအောင်စိုး၊ ဝါးခယ်မမြို့နယ်အသင်းဥက္ကဋ္ဌ ဦးကျော်ထွေး၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး ရှေ့ဦးစွာ ဝါးခယ်မမြို့နယ် နာယကကြီး ဦးကြည်မြင့်မှ အဖွင့်အမှာစကားပြေားကြာခြင်းနှင့် ဦးနုစာကြည့်တိုက်ဖြစ်ပေါ်လာရခြင်း၏ သမိုင်းအကျဉ်းအား ရှင်းလင်းပြောကြားခြင်း၊ ဝါးခယ်မမြို့နယ်အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်း‌ဌေးမှ ပေးပို့သော သဝဏ်လွှာကို ဦးနုစာကြည့်တိုက် ဥက္ကဋ္ဌဦးအောင်စိုးမှ ဖတ်ကြားခြင်း၊ ဝါးခယ်မမြို့နယ်အသင်းဥက္ကဋ္ဌ ဦးကျော်ထွေးမှ ဦးနု၏ ကိုယ်ရေးအကျဉ်းအားရှင်းလင်းပြောကြားပြီး ဦးနုစာကြည့်တိုက် (၁၀) နှစ်ပြည့် အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်သော မောင်ဝေမင်းနောင် "အောင်နိုင်သူ" ဝတ္ထုတိုဖြင့် ပထမဆု၊ မောင်ငြိမ်းခန့်သော "အလွမ်းလှေကလေးမျှောလိုက်သည်" ဝတ္ထုတိုဖြင့် ဒုတိယဆု၊ မောင်ရဲဘုန်းပြည့် "လွမ်းဆွတ်ခြင်းဒိုင်ယာရီ" ဝတ္ထုတိုဖြင့် တတိယဆု၊ မောင်လင်းထက်နောင် "သာယာလှပသောဧရာဝတီမြစ်ကမ်းဘေးမှ ကျွန်တော်တို့မြို့" ဆောင်းပါးခေါင်းစဉ်ဖြင့် ပထမဆု၊ မောင်ဝေမင်းနောင် "မြို့ကလေး ဝါးခယ်မ" ဆောင်းပါးခေါင်းစဉ်ဖြင့် ဒုတိယဆု၊ မသက်မှူးခင် "သာယာလှပ ဝါးခယ်မ" ဆောင်းပါးခေါင်းစဉ်ဖြင့် တတိယဆု၊ မောင်သက်ပိုင်ဦး "ဝန်ကြီးချုပ်ဦးနုသို့မော်ဖူးခြင်း" ခေါင်းစဉ်ဖြင့် အထူးဆု၊ မောင်ငြိမ်းခန့်သော် "သာစွဌာနေရွှေခယ်မြေ" ကဗျာခေါင်းစဉ်ဖြင့် ပထမဆု၊ မောင်တေးဝေ "ငုံးအိမ်ကျူလ" ကဗျာခေါင်းစဉ်ဖြင့် ဒုတိယဆု၊ မောင်ရှား "မြို့ဂုဏ်မောက်တဲ့မြို့" ကဗျာခေါင်းစဉ်ဖြင့် တတိယဆုရရှိပြီး စာပေပြိုင်ပွဲတွင် ဆုရရှိသူများကိုယ်စား ဦးဆန်းချိုဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ