အိမ်မဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးထိုးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

အိမ်မဲ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ထုပ်ဆီးထိုးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် Happy ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ကျောင်းပေါင်းစုံဖူဆယ်ပြိုင်ပွဲကို အသင်း(၆)သင်းဖြင့် Happy ဖူဆယ်ကွင်းတွင်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း (၆)သင်းဖြင့် ရွှေလင်းယုန် အားကစားကွင်းရှိ အားကစားရုံ၌ လည်းကောင်း ထုပ်ဆီးထိုးပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ အ.ထ.က (၂)ကျောင်းတွင် အသီသီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)