ကမမောင်း နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် ကာယနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းကန်ရွက်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၃၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်တင်လှ