ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များလှည့်လည်ငှားရမ်းပေး

ကလိန်အောင် နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များစာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုနိုင်စေရန်အတွက် နယ်မြေမီးသတ်ရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် သားသား/မီးမီး တို့အလွယ်တကူလေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကာတွန်းစာအုပ်များ၊ ဂျာနယ်များစသည့် ကလေးများ အသိပညာ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသကာ လေ့လာဖတ်ရှုခြင်း၊ ငှားရမ်းပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူမင်းအောင်