ကသာ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အဋ္ဌမတန်း ကျောင်းသား/ကျောင်းသူလေးများမှ “ပြည်မြန်မာသီချင်းဖြင့်” ဖွင့်လှစ်ပေးခဲ့ပြီး ကသာမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၇-၁၁-၂၀၂၂) ရက်နေ့တွင် ပေးပို့သော(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို တိုင်းအဆင့်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး တိုင်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း Grade(11)မှ မချစ်ဆုသွယ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုချီးမြှင့်ခဲ့သည်။ အခမ်းအနားကို ကသာမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အဌမတန်း ကျောင်းသား/ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)