ပုလောမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ပုလော နိုဝင်ဘာလ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအဖွဲ့တို့ပူးပေါင်း၍ ချစ်နိုင် (စိတ်ပညာ) ခေါင်းဆောင်မှုအတွေး၏ အရေးပါးမှုစာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် စာပေချစ်သူများအဖွဲ့မှ ဒေါ်မြစောနွယ်က လူတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုသည် အရည်အချင်းအရည်အသွေးမြင့်လျှင် မြင့်သလောက် အောင်မြင်မှုကြီးမားကြောင်း၊ ရည်မှန်း ချက်တူ ယုံကြည်ချက်တူ၊ ခံယူချက်တူညီကြသောလူအများ၏ စုပေါင်းအားသည် သာမန်အားဖြင့် ကြည့်လျှင်အပေါင်းလက္ခဏဟု ထင်ရပါ၏ ပကတိလက်တွေ့တွင်မူ အဆများစွာ ထောင်သောင်းသိန်းအထိ အရှိန်အဟုန်ကြီးမားစွာ အံ့မခန်းတိုးပွားသော အမြှောက် လက္ခဏာဖြစ်ကြောင်း တွေ့ရရှိရပါကြောင်းကို အောင်ပွဲနှင့်စည်းရုံးရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ သည်။

ဆက်လက်၍ စာပေချစ်သူအဖွဲ့မှ ဒေါ်နီနီထွန်းက ပုထုဇဉ်သာမန်လူသားအများသည် ရူးနှမ်း သူများသာဖြစ်ကြကြောင်း၊ တစ်ခုမဟုန်လျှင်တစ်ခု တစ်မျိုးမဟုတ်လျှင်တစ်မျိုး စွဲလမ်း တတ်ကြကြောင်း၊ အတွေးခေါင်တတ်ကြောင်း၊ စိုးရိမ်လွန်တတ်ကြောင်း၊ အထင်မှား တတ်ကြောင်း ဘယ်သူမှဘက်ပေါင်းစုံမှ မပြည့်စုံကြောင်းကို မှားလျှင်ဝန်ခံ တောင်းပန်ရုံသာ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)