ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

ကလိန်အောင် နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့ပေါ်ရှိဝါသနာရှင်လူငယ်များအား ယနေ့နံနက်(၁၀)နာရီအချိန်က Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့မှ ဌာနရှိဝန်ထမ်းများနှင့် ဝါသနာရှင်များအား ခေတ်နှင့်အညီ နည်းပညာများအား အသုံးပြုတတ်စေရန်ရည်ရွယ်ပြီး Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်း ဆော့ဝဲ(လ်)အသုံးပြုနည်းများအား သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/ သူ(၇) ဦး တက်ရောက်ခဲ့ကာသင်တန်းကို (၂)ရက်ပို့ချပေးသွားမည်ဖြစ်ကြောင်း ဌာနတာဝန်ရှိသူထံမှ သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)