ဖျာပုံမြို့၌ (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ဖျာပုံ နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ အထက- ၁ ကျောင်း အောင်မြေခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ( ၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် အထက-၃ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ အထက -၁ ကျောင်းသူများက ကဗျာလွတ်အကဖြင့် ဖျော်ဖြေခြင်း၊ အထက - ၄ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြသည်။
ဆက်လက်၍ (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပေါ် အထက ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူ များအား၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့အဖြစ် ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် ထုပ်စည်းတိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ၊ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးများက ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)