မင်းကင်း နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ (၃)ဦးတို့က "အမျိုးသားစိတ်ဓာတ် အခြေတည် တစ်မျိုးသားလုံး ညီညွတ်ကြရမည်" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)