ကလေးဝ၊ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ ချင်းတွင်း-မြစ်သာ ဂေါက်အသင်းက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက် (၈)နာရီတွင် ချင်းတွင်း-မြစ်သာ ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲတွင် ဂေါက်သီးရိုက်အားကစားသမား ၃၂ ဦးပါဝင်ကာ (၁၈)ကျင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကြောမဲ့၊ အကြောပေးနှင့် အကြီးတန်း၊ အငယ်တန်း ဆုရရှိခဲ့ကြသူ အသီးသီးကို အသင်းနာယက ဦးကျော်ကျော်စိုးနှင့် အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ဆုချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ကိုဇော် (ချင်းတွင်း-မြစ်သာ)