ရွှေတောင် နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရွှေတောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြား ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ NGO အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ စုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွှေတောင်မြို့နယ်၊ အားကစားကွင်းအတွင်း၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများ၊ ဂုံနီအိတ်စွတ်ပြိုင်ပွဲနှင့် အခြေခံပညာကျောင်းသားများ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲများအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)