ပခုက္ကူမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

ပခုက္ကူ နိုဝင်ဘာ ၁၈

ပခုက္ကူမြို့တွင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်း ၊ ထနောင်းခန်းမ၌ ကျင်းပသည်။

ပထမဦးစွာ PPTT (၈/၂၀၂၂) ဆရာ၊ ဆရာမများက နှလုံးသားကိုအလှဆင်မည် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်စိုးမိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန် ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)