ကော့ကရိတ်မြို့တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကျင်းပခြင်းနှင့် ဆုရရှိသူများအားဆုချီးမြှင့်ပေး

ကော့ကရိတ် နိုဝင်ဘာ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကျင်းပခြင်းနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈) နာရီချိန်က ခရိုင်အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

အားကစားပြိုင်ပွဲကို ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်/ အလယ်တန်းဆင့် ကျောင်းသူ၊ ကျောင်းသားများမှ စားပွဲတင်တင်းနစ်၊ အုပ်စုအလိုက် ကျား၊ မ ပိုက်ကျော်ခြင်းတို့ကို ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း