ရေနံချောင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရေနံချောင်း နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ဖတ်ကြားသည်။

ထို့နောက် အခမ်းအနားကိုဆက်လက်ကျင်းပရာ အ.ထ.က(ခွဲ) ဝက်ချုပ်ကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက ပြည်မြန်မာသီးချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဦးအေးဝင်း က အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများနှင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာ ဆရာမကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတက်ရောက်လာသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်သည့် နံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်