မင်းလှ နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့သဝဏ်လွှာဖတ်ပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ အား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီချိန်က အ.ထ.ကမင်းလှ (မြို့တွင်း) ကျောင်း သပြေခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်းသား ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်ကဖတ်ကြားသည်။
(၁၀၂)နှစ်မြောက်အမျိုးသားအောင် ပွဲနေ့အထိမ်းအမှတ် (ထက်၊လယ်) အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ (ထက်၊လယ်၊မူ) အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား ကျောင်းသူမျာအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပြည်မြန်မာသီချင်းဖြင့် ကျောင်းသား ကျောင်းသူလေးများက သီဆိုဖျော်ဖြေပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)