ကန့်ဘလူ နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဥ်ကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဥ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့် က အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အလက(နတ်အင်း) ကျောင်းအုပ်ဆရာကြီး ဦးကြည်ရှိန် က အမျိုးသားအောင်ပွဲနေ့သည် ထူးခြားသည့်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ အမျိုးသားစိတ်ဓာတ် အကြောင်း၊ မြန်မာတို့နယ်ချဲ့လက်အောက် ဖိနှိပ်ခံခဲ့ရပုံများ၊ ကျောင်းသားကြီး (၁၁)ဦးနှင့် ကျောင်းသားများ၏ ကြိုးပမ်းမှု၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများ၊ အမျိုးသားစိတ်ဓာတ်ရှိရန် အရေးကြီးပုံ၊ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်းနှင့် အမျိုးသားအောင် ပွဲနေ့ အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)