သနပ်ပင် နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်စာပေချစ်သူများအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲ့နေ့ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာ က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင် ဦးတင်ဝင်း က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုခဲ့သော ကျောင်းသားကြီး (၁၁)ဦးအကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေအကြောင်းအရာများ၊ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး စသည့်ဗဟုသုတရဖွယ်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)