စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများ အပြည့်အ၀ ကောက်ခံရရှိရေဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစိုက်ပျိုးရေး သင်တန်းဖွင့်ပွဲနှင့် တိုင်းရင်းသားဘာသာစကား သင်ဆရာ/ဆရာမများအ

မုံရွာ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခ များနှင့် ချေးငွေများအပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများအပြည့်အဝ ကောက်ခံရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် အဖက်ဖက်မှကြိုးပမ်းဆောင် ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာပွန်ကျေပွန်ရေးကို အလေးအနက်ထားကာ စိတ်အားလူအား ဇွဲဆန္ဒတို့ဖြင့် ရည်မှန်းချက်ပေါက်မြောက်အောင် သန္နိဋ္ဌာန်စိတ်ဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်ကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွက် ကြုံတွေ့ရသည့်အခက်အခဲများရှိပါ ကလည်း မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ လိုအပ်သည်များကို ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဌာနများအနေဖြင့် ကောက်ခံရန် သတ်မှတ်ပေးထားသည့် လျာထားချက်များကို ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ ရသင့်ရထိုက်သော အခွန်ငွေများကိုတိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းများမရှိစေဘဲ ပြည့်ပြည့်ဝဝ ကောက်ခံရရှိနိုင်ရေး နိုင်ငံတော်မှစီးပွားရေးလုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာစွာဖြင့် ချေးထားသည့်ငွေများကို ပြန်လည်ပေးဆပ်နိုင်ရေး တို့အတွက် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြို့နယ်များ၏ ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့်အသီးသီး ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ရာသီဥတုပြောင်းလဲမှုနှင့် လိုက်ရောညီထွေစိုက်ပျိုးရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူလယ်သမားများအနေဖြင့် သီးနှံများ စိုက်ပျိုးရာတွင် ရာသီအချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ သီးနှံပင်များကောင်းစွာမဖြစ်ထွန်းခြင်း၊ ပိုးမွှား ရောဂါပိုမို ကျရောက်ခြင်းနှင့် အကျိုးဆက်အဖြစ် သီးနှံအထွက်နှုန်းများ လျော့နည်းကျဆင်း လာခြင်း၊ သီးနှံအရည်အသွေးကျဆင်းခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့ရတတ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ခံနိုင်ရည်ရှိစေရေး၊ သက်ဆိုင်ရာကဏ္ဍ အလိုက် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်ရောညီထွေဖြစ်စေရေးအတွက် ဆက်စပ်ဌာနများ၊ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများနှင့် ပါဝင်ပတ်သက်သူအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြမှသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးစနစ် ပေါ်ပေါက်လာမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး ပြခန်းတွင်ပြသထားသော ဒေသထွက်ရှားစောင်းလက်ပတ်မျိုးများနှင့် ဒေသထွက်သီးနှံထွက် ကုန်များအား လိုက်လံကြည့်ရှု အားပေးကာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်ရောညီထွေစိုက်ပျိုးရေး သင်တန်းသင်ကြားနေမှု အား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်ရောညီထွေစိုက်ပျိုးရေးသင်တန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ရာ သင်တန်းသို့ သင်တန်း သား/သူစုစုပေါင်း  ၅၀ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေးပညာရေး ဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးထံ မုံရွာပညာရေးဒီဂရီကောလိပ်အတွက် ငွေကျပ် ၅ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က တိုင်းရင်းသားဘာသာ စကားသင်ဆရာ/ဆရာမများ အတွက် ငွေကျပ် ၅ သိန်းတို့အား ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများ ကိုယ်စား ဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆရာ/ ဆရာမများက တို့ပြည်ထောင်စုသီချင်း၊ ရှမ်းတိုင်းရင်းသားရိုးရာအကနှင့် နာဂတိုင်းရင်းသားရိုး ရာအကများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သီဆိုကပြဖျော်ဖြေသွားကြသည့် ဆရာ၊ဆရာမများ၏အတွက် ငွေကျပ် ၅ သိန်းအား ပေးအပ် ချီးမြင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဆရာ၊ဆရာများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အား ပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီး ခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဆရာ၊ဆရာမ ၁၄၃ ဦး တက်ရောက်ဆွေး နွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)