မင်းလှမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အပြေး ပြိုင်ပွဲနှင့် ပိုက်‌ကျော်ခြင်းခတ်ပြိုင်ပွဲ ကျင်းပ

အထက်မင်းလှ နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၁၀၂) နှစ်မြောက်   အမျိုးသား အောင်ပွဲနေ့   အထိမ်းအမှတ်အကြို အပြေးပြိုင်ပွဲနှင့် ပိုက်‌ကျော်ခြင်းခတ်ပြိုင်ပွဲကို  ယနေ့ နံနက် ၈ နာရီက မြို့နယ်အားကစားကွင်းနှင့် ကျောက်တိုင်ကွင်းတို့၌  ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင်    (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျား/မ မီတာ၁၀၀ အပြေးပြိုင်ပွဲတွင်   မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ(၆၅)ဦး၊ မီတာ၂၀၀အပြေးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၅၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဌာနဆိုင်ရာများ ၊ရပ်ကွက်အသီးသီးမှ ပြည်သူများ ပါဝင်သည့်အသင်း(၁၀)သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲအသီးသီး၌    ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်သူများမှ    ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)