ပန်းတနော်၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁၀ နာရီက စာအုပ်/ စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်/ စာစောင် များ၊ မဂ္ဂဇင်းများ၊ အသိပညာဗဟုသုတရရှိမည့် စာအုပ်များ၊ မြန်မာနိုင်ငံသမိုင်းနှင့် သက်ဆိုင်သောစာအုပ်များ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာစာအုပ်များစသည့် စာအုပ်များကို ခင်းကျင်းပြသလျက် ရှိသည်။
ပြည့်ဖြိုးကျော်