ကလေးဝ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက (၁၀၂) ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာရေးအတွက် စနစ်တကျ အမှိုက်စွန့်ပစ်ပုံနည်းစနစ်များကို ကိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှိ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ကလေးများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)