ပန်းတနော် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်း လူရည်ချွန်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဗြန့်ကြီးကျေးရွာ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပန်းတနော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းထွန်းက အ.ထ.က (၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းစေပြီး ဥာဏ်ရည်ဥာဏ်သွေးများ ဖွံ့ဖြိုးလာစေမည် ဖြစ်ကြောင်းစသည့် အားကစားနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကာ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)