သာယာဝတီမြို့တွင် ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်ပွဲကျင်းပ

သာယာဝတီ    နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီက သုံးဆယ်မြို့၊ (မြို့မ) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟို က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးထူးမြင့်နှင့် အထက(မြို့မ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေးဦးသူနာပြုစုနည်း သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ သာယာဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟို၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးလှဦး၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးထူးမြင့်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ မြို့မိမြို့ဖများ၊ အထက(မြို့မ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၃၂၀ ဦးခန့် တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာလ ၁၅ ရက်မှ ၂၀ ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူများအား အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၂၂၄)ဦး တက်ရောက်၍ သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ဒဏ်ရာရရှိပါက အခြေခံရှေးဦးပြုစုနည်းများ၊ ပတ်တီးစည်းနည်းများ စသည့်တို့ကို စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 သန့်ဇော် (ပြန်/ဆက်)