ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို (Talk Show) ပြုလုပ်

ရွှေသောင်ယံ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၁၀) နာရီက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို (Talk Show) ကို ပြုလုပ်ဆောင်ရွက်ကြရာ  အ-မ-က (၁၉၂) သဲကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးနိုင်နှင့် ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ရည်ရည်လွင်တို့မှ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာတို့ကို ပြောကြားသည်။

ထိုသို့ အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် (Talk Show) ပြုလုပ်ခြင်းဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာစေပြီး မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံကို ပိုမိုချစ်မြတ်နိုးစွာ တန်ဖိုးထားတတ်လာစေခြင်း၊ လူမျိုးစုတစ်ရပ်လုံး စည်းလုံးညီညွတ်မှု ရရှိစေခြင်း ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေသောင်ယံ