ညောင်လေးပင် နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲ့နေ့ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး အခြေခံပညာမူလတန်း (လွန်)ကျောင်း စံဖဲကျေးရွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရူပနိုင်မှ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုခဲ့သော ကျောင်းသားကြီး (၁၁)ဦးအကြောင်းအား ဗဟုသုတရဖွယ်အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)