ဝေါလေမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (Talk Show) ပြုလုပ်

ဝေါလေမြိုင် နိုဝင်ဘာ ၁၆

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (Talk Show)ကို ယနေ့နံနက် ၁၀ နာရီက ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆောင်ရွက်သည်။

အဆိုပါ (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေဦးနှင့် အငယ်တန်းစာရေး ဒေါ်ဖြူစင်မိုးတို့က ပါဝင်ဆွေးနွေးသည်။ ထိုသို့ဆွေးနွေးရာတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးအားမာန်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဌာန် ပြုကြသောကျောင်းသားကြီး (၁၁) ဦးအကြောင်း စသည့် အမျိုးသားအောင်ပွဲနေ ဖြစ်ပေါ်လာပုံများကို ဆွေးနွေးခဲ့ကြသည်။

ထို (TalkShow) ဆွေးနွေးပွဲအား ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ (We Love Wallay Myine FacebookPage) မှ တစ်ဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေါလေမြိုင်(ပြန်/ဆက်)