ကလေးဝ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်(၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့ပေါ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့နံနက်၉ နာရီက ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပေါ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ ကလေးဝမြို့ပေါ်ရှိ မူလတန်းလွန်စာသင်ကျောင်း (၅)ကျောင်းမှမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ကလေးများက မီတာ ၁၀၀ ကျား/မ အပြေးပြိုင်ပွဲ၊ မီတာ (၂၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မ စကောရွတ်ပြိုင်ပွဲ၊ ကျား ဂုံနီ အိတ်စွတ်ပြိုင်ပွဲနှင့် ကျား ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား (၁၀၂) ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၌ ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)