အမာမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

အမာ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀)နာရီအချိန်တွင် ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်‌ချောင်ကျေးရွာ၊  အခြေခံပညာ မူလတန်းကျောင်းသို့ သွား‌ရောက်ကာ ကျောင်းသား/သူများအား အသိပညာပေး ဟောပြောပွဲနှင့် အတူ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ကျင်းပဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်မှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်သည့်အကြာင်းများ၊ ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သောကြောင့် ဘက်စုံတော်သော လူတော်လူကောင်းများ ဖြစ်လာစေရန် အတန်းပညာများကို ကြိုးစားသင်ယူသကဲ့သို့ စာအုပ်စာပေကိုလည်း ဖတ်ရှု လေ့လာကြရမှာဖြစ်ကြောင်း၊ စာအုပ်စာပေမှ အသိပညာ ဗဟုသုတ များ ရယူမှတ်သားပြီး ရည်မှန်းချက်ထား ကြိုးစားကြရမှာဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့‌သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်စာပေများအား ကျောင်းသား/သူများကို ခင်းကျင်းပြသ၍ ဖတ်ရှုစေခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/‌ဆက်)