ရွှေတောင် နိုဝင်ဘာ ၁၆
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သရက်တောရပ်ကွက်၊ အမက မင်းတဲကျောင်းတွင် ယနေ့နံနက်ပိုင်း က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နယ်လှည့်စာကြည့်တိုက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် က ကျောင်းသား/ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဦးတည်ချက်များနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့အတွက် အသိပညာပေးအကြောင်း အရာများကို သာဓကအနေဖြင့် ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများကို အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူ (၆၈)ဦးမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက် အနေဖြင့် ယူဆောင်လာသော စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်းနှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် "သတင်းစကား" လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)