ပေါင်းတည် နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အ.ထ.ကမြို့မကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးဆင့် က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများနှင့် ကျောင်းသားလူငယ်လေးများအား ရည်မှန်းချက်ထားရန်၊ ပညာတတ်ဖို့၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေရန်နှင့် ကိုယ်ရော စိတ်ပါ ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန် ပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းနှင့် ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)