ကြံခင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ကြံခင်း နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က (အ.ထ.က-၁)အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းဆင့်၊ အလယ်တန်းဆင့် ကျောင်းသား/သူ (၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အမျိုးသားနေ့ဂုဏ်မြတ် မမေ့အပ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ညီညွတ်စည်းရုံး အမျိုးသားတစ်ရပ်လုံး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲတွင် "တူယှဉ်နွှဲပျော် အမျိုးသားနေ့ပွဲတော်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းဆင့် ကဗျာပြိုင်ပွဲတွင် "အစဉ်မမေ့အမျိုးသားနေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်နှင့် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် "ပါဝင်ဆင်နွှဲ အမျိုးသားနေ့အောင်ပွဲ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

(၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား/သူများကို နိုဝင်ဘာ(၁၇)ရက်နေ့ (၁၀၂)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)