ကန့်ဘလူမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ကန့်ဘလူ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ကန့်ဘလူမြို့နယ်အတွင်း အခြေခံပညာ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်၀င်းငြိမ်း(ကန့်ဘလူ)