ကန်ကြီးထောင့် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိမည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နိုဝင်ဘာလ (၁၇) ရက်နေ့တွင်ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး (Talk Show) ကျင်းပရာ မြိုနယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၊ ဒုတိယဦးစီးမှူး ဒေါ်ခင်သီတာနှင့် Book Club အဖွဲ့အတွင်းရေးမှူး ဦးသန့်ဇင်ဦးတို့က အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကျွန်ပညာရေးစနစ်ကို ကန့်ကွက်ရှုတ်ချတိုက်ဖျက်ရာမှ ပေါ်ပေါက်လာသော မျိုးချစ်စိတ်ဓာတ်အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်လာပုံများ၊ အမျိုးသားအောင်ပွဲနေ့ ဆောင်ရွက်ရသည့် ဦးတည်ချက်များ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြု ခဲ့ကြသော ကျောင်းသားခေါင်းဆောင်ကြီးများ၊ ယနေ့ ပညာရေးမျှော်မှန်းချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ချက်များ စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)