ရေကြည် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က (အ.မ.က) လှည်းဆိပ်ပိုင်းကျောင်း၌ ကျောင်းဝန်းအတွင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က "လူငယ်နှင့်အစားအသောက်" ခေါင်းစဥ်ဖြင့် လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက "လူငယ်နှင့်ခေါင်းဆောင်မှု" ခေါင်းစဥ်နှင့် အားကစားအကြောင်း သိကောင်းစရာများကို လည်းကောင်း အသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းကာ ကိုယ်လက်လှုပ်ရှား ကိုယ်လက်လေ့ကျင်ခန်းများကိုလည်း လက်တွေ့သင်ကြားပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အသိပညာပေး နံရံကပ်ဓါတ်ပုံများကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)