ထားဝယ် နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍(၁၀၂)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဉာဏ်စမ်းပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ် ဓာတ်ပုံပြပွဲများကိုယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးဦးနိုင်ဝင်းက ကျောင်းသား/သူများ အနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကိုသိရှိနားလည်၍ အနာဂတ်တွင် တန်ဖိုးထားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီးမျိုးဆက်သစ် လူရည်ချွန်များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်း လေ့လာမှုနှင့်ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုရရှိလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများနှင့်ပျှော်ပွဲရွှင်ပွဲများပြုလုပ်ပေး ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်ကျောင်းသား/သူများ၏ ဉာဏ်စမ်းမေးခွန်းများဖြေဆိုနေမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့်ဆရာမများက ကြည်ရှုအားပေးခဲ့ကြပြီး ဦးနိုင်ဝင်းက ကျောင်းသား/သူများ၏ပြိုင်ပွဲ ရလဒ်အမှတ်များနှင့် ဆုရွေးချယ်ရာတွင် ပါဝင်သည့်အချက်များအား ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသောနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ် နံရံကပ်မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ ဝင်စားစွာကြည့်ရှုအားပေးခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲများဖြစ်သော ဆေးရောင်ခြယ်၊ အိမ်ဆောက်ဂိမ်း၊ အရုပ်ဆက်၊ ပူးစီပေါင်းညှပ်၊ စကားပုံဆက်ပြိုင်ပွဲများကို ပျော်ရွင်စွာဖြင့် ကစားခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)