ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

ပြည် နိုဝင်ဘာ ၁၆

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပရာ ပြည်မြို “ဆုံစည်းရာ” စာဖတ်ဝိုင်းနှင့် (Book Club)အဖွဲ့ဝင် စာရေးဆရာ မောင်စိမ့်စမ်း(သဲကုန်း)နှင့် အ.ထ.က (ရွှေတံခါး)မှ ဆရာ၊ ဆရာများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)တက်ရောက်သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးဦးစီးအရာရှိ ဦးအောင်ကိုသန့်က အခမ်းအနားကျင်းပခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်စိမ့်စမ်း(သဲကုန်း)က ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်၏ အမျိုးသားနေ့ ရွေးချယ်ခဲ့ပုံ သမိုင်းကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အသိပညာပေးဆွေးနွေး ဟောပြောသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများက အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာမှတ်သားကြပြီး ခရိုင်ပြန်/ဆက် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)ကထုတ်ဝေသည့်  အမျိုးသားအောင်ပွဲနေ့ ဆိုင်ရာအသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို တက်ရောက်လာကြ သူများနှင့် ကျောင်းသား၊  ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)