ဘိုကလေးမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ဘိုကလေး နိုဝင်ဘာ ၁၆

နိုဝင်ဘာ (၁၇) ရက်နေ့တွင် ပြည်မှီမည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူ၊ လူငယ်၊ မောင်မယ်များ ကောင်းမြတ်မှန်ကန်သည့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ထာဝရရှင်သန်ထက်မြက်ရေး၊ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ယနေ့နံနက် (၁၀) နာရီတွင် ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းကို အရောက်သွား၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၂ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်နာမများနှင့် အမျိုးသားအောင်ပွဲနေ့၏ ဂုဏ်ဒြပ်ကို ဖော်ကျူးထားသော ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများအား ပြည့်စုံစွာထည့်သွင်း အသိပညာပေးထားကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)