ကော့သောင်း နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်အား ယနေ့နံနက် ဖပိုင်းကကော့သောင်းမြို့၊ မူလွန်(အောင်သုခ)ကျောင်းနှင့် အလက(၃) ရွှေဟင်္သာကျောင်းတို့တွင် အခမဲ့လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၃-၁-၁၉၄၆ရက်နေ့ ဖဆပလ ပြည်လုံးကျွတ်ညီလာခံကြီးတွင်တင်သွင်း သော ညီညွတ်ရေးအဆိုမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၂၈-၁၁-၂၀၂၁ရက်နေ့ (၁၀၁)မြောက်အမျိုးသား အောင်နေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်ရန် ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးနှင့် ကဗျာဆရာ ဘိုမျိုး(ရွှေဘို)၏ “သူ့ကျွန်မခံအမျိုးသားမာန်”ကဗျာစသည့် အကြောင်းအရာများပါဝင်ပြီး ကျောင်းသားကျောင်းသူများ လေ့ လာသိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)