အင်္ဂပူ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဟင်္သာတ-မြန်အောင် ကားလမ်းတွင် ယမန်နေ့နံနက်ပိုင်းက မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို ထူးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုး၊ ထူးကြီးနယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ ဆိုင်ကယ်စီးလျင် အရည်မသွေးပြည့်မီသော ဆိုင်ကယ်ဦးထုတ် ဆောင်းခြင်း ရှိ/ မရှိနှင့် ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအတွင်း တရားမဝင်ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)