စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ နိုဝင်ဘာ ၁၆

 ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ( ၆ ) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးဥာဏ်မြင့်‌ကျော်၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများ၊ ခရိုင်နှင့်မြို့နယ်တို့မှ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများ/ မြို့နယ်ဦးစီးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီးဥာဏ်မြင့်ကျော်က ၆ လတာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဘောထားနှင့် လမ်းညွှန်မှာကြားချက်များ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို ချပြရှင်းလင်းမှာကြားပြီး ညှိနိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်း/ ခရိုင်/ မြို့နယ်အဆင့်များအား လမ်းညွှန်မှာကြားချက်များအပေါ် တိကျစွာလိုက်နာကာ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာကျင့်ကြံနေထိုင်လုပ်ကိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်ရေး၊ လုံခြုံရေးအသိ သတိတို့ဖြင့် တာဝန်ထမ်းဆောင်နိုင်ရေး၊ ယခင် ၆ လတာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ကာ လာမည့် ၆ လ အား အားနည်းချက်မရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မိမိတို့တိုင်းဒေသကြီးမှာ ကျေးလက်လမ်း၊ တံတားများအား ရည်မှန်းချက် ပြည့်မီအောင်ကြိုးပမ်း‌ ဆောင်ရွက်သွားရေးနှင့် ဘက်ဂျက်ကာလအတွင်း အကောင်အထည်ဖော်ရမည့် လုပ်ငန်းများအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ခံများက (၆)လတာကာလအတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်တာဝန်ခံများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအလိုက် (၆)လတာကာလအတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးတို့က လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အစည်းအဝေးသို့ တက်ရောက် လာသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်တာဝန်ခံများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ လမ်း၊တံတားများအား ဘတ်ဂျက်နှစ်အတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အ‌သွေးပြည့်မီအောင် လက်တွဲညီညီကြိုးပမ်း ဆောင်ရွက်ရေး၊ ပိုမိုကောင်းမွန်သည့် လမ်းတံတားများကို တည်ဆောက်ပေးကြရန် တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)