(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ညောင်တုန်း နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို‌ ပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ဝင် စာရေးဆရာ မင်းဝေမှူးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်းများ၊ အမျိုးသားရေး စိတ်ဓာတ်၊ မြန်မာစာပေ၊ အမျိုးသား ယဥ်ကျေးမှုအမွေအနှစ်များ အစဥ်ထိန်းသိမ်းစောင့်ရှောက်‌ရေး စသည့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့်အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။

ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင် ပြပွဲကျင်းပရာ တက်ရောက်လာကြသည့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)