ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်း

ပန်းတနော်   စက်တင်ဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများ လှူဒါန်းခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီ က မြို့သစ်အနောက်ပိုင်းရပ်ကွက်နှင့် ပြလင်းကျေးရွာ အုပ်စု ရွာသစ်ကြီးကျေးရွာတို့တွင် သွားရောက် လှူဒါန်းခဲ့သည်။

အဆိုပါ အခြေခံစားသောက်ကုန်များ လှူဒါန်းရာတွင် ကရင်လေး(သင်/ဖျာ)ရောင်းဝယ်ရေးမှ အလှူရှင် ကိုအုန်းဆိုင်နှင့် မမော်မော်သွယ်မိသားစုတို့က ဆန်အိတ်(၉၀)၊ ဆီပိဿာချိန်(၃၀၀)၊ ကြက်သွန်အနီ အချိန်(၃၀၀)၊ အချိုမှုန့်အချိန် (၆၀)၊ ဆားအချိန်(၃၀၀)နှင့် ကြက်ဥအလုံး (၂၇၀၀)တို့ကို ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု စုစုပေါင်း (၇၀၀)ကျော်တို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြီ၊ ဆီ(၅၀)သား၊ ကြက်သွန်အနီ (၅၀)သား၊ အချိုမှုန့် (၁၀)သား၊ ဆား(၅၀)သား၊ ကြက်ဥ (၅)လုံးစသည့်တို့ကို ခွဲတမ်းစနစ်ဖြင့် အိမ်တိုင်ရာ ရောက် သွားရောက်လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်း စားများ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲများအတွက် အထောက်အပံ့ရရှိအောင် ရည်ရွယ်ပြီး လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ အခြားစီပွားရေး လုပ်ငန်းရှင်များလဲ သွားရောက်လှူဒါန်းပေစေလိုကြောင်း အလှူရှင် မမော်မော်သွယ်မှ ပြောကြားသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)