ပခုက္ကူမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ပခုက္ကူ နိုဝင်ဘာ ၁၆

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဖြန့်ဝေကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့် ဝန်ထမ်းများက ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်(၂၅၀)စောင်ကို အခမဲ့ဖြန့်ဝေကြသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ဦးတည်ချက်များ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်စာရင်းများ၊ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီး(၂၃-၁-၁၉၄၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတင်သွင်းသော ညီညွတ်ရေးအဆိုမှကောက်နုတ်ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏(၂၈-၁၁-၂၀၂၁) ရက်နေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်များ၊ အမျိုးသားရေးအားမာန်၊ ပညာရေးမျှော်မှန်းချက်၊ ဘိုမျိုး(ရွှေဘို)ရေးသားသည့် သူ့ကျွန်မခံအမျိုးသားမာန်(ကဗျာ) စသည့်အကြောင်းအရာများပါဝင်ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသား အားလုံးစည်းလုံးညီညွှတ်စို့” ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)