သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့အကြို စာအုပ်စာစောင်ပြပွဲ ကျင်းပ

သနပ်ပင် နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  စာဖတ်သည့် အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ‌ရန် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို စာအုပ်စာစောင်ပြပွဲ ကျင်းပြုလုပ်ခဲ့သည်။

စာအုပ် စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ‌ဒေါ်ညိုပြာမှ စာဖတ်ခြင်းမှရရှိသည့် အသိပညာများရရှိကာ  ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍   ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာဖတ်ဝါသနာရှင်များမှလည်း မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်စာပေများကို တစ်နေရာထဲတွင် ဖတ်ရှုရခြင်းဖြင့်များစွာ အကျိုးရှိကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့ပေါ်(၈)ရပ်ကွက် များမှ စာပေချစ်သူများ၊ စာပေဝါသနာရှင်များ လာရောက်ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)