ဟင်္သာတမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ဟင်္သာတ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်ကဟင်္သာတခရိုင်ရုံး လူထုအခြေပြုဗဟိုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့​သည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသား ကျောင်းသူများ မျိုးဆက်သစ်လူငယ်များ အမျိုးသား အောင်ပွဲနေ့အကြောင်း သိရှိစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ဆက် လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်စန္ဒာဆွေက ပြောကြားသည်။

ယနေ့ကျင်းပခဲ့သော အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ၂၄ ဦး၊ အလယ်တန်းဆင့် ၂၆ ဦး စုစုပေါင်း ၅၀ ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော်