သာယာဝတီ နိုဝင်ဘာ ၁၆
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း(OSS)ရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက မြို့နယ်အတွင်းရှိ ကလေးသူငယ်များအနေဖြင့် တွေ့ကြုံနေရသည့် ကလေးသူငယ် အခွင့်အရေးရရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်မြတ်မြတ်စိုးက လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအဖွဲ့ဝင်များက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်းကာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက မြို့နယ်အတွင်းရှိ ကလေးငယ်များအနေဖြင့် အဆိုပါကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ ထိခိုက်နစ်နာမှုများ ရှိလာပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားရန်နှင့် ကော်မတီဝင်များကလည်း ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)