(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ကျွန်းစု စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ်၊ အမှတ်(၃)ရက်ကွက်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမောင် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် အင်အား(၃၅)ဦးတို့က ချုံနွယ်မြက်ပင်များ ခုတ်ထွင်းရှင်းလင်းခဲ့ကြောင်း၊ ကံမော်ကျေးရွာတွင် ခေတ္တစခန်းမှူး ဒုရဲအုပ်ကျော်နိုင်လင်း ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် အင်အား (၈)ဦးတို့က အ.ထ.က ကျောင်း၌ ချုံနွယ်မြက်ပင်များ ခုတ်ထွင်းရှင်းလင်းခဲ့ကြောင်း၊ သဇင်ကျေးရွာတွင် စခန်းမှူး ရဲအုပ်အောင်ကိုဦး ဦးဆောင်၍  ရဲတပ်ဖွဲ့ဝင်အင်အား(၈)ဦးနှင့် ကျေးရွာ တာဝန်ခံတို့ ပူးပေါင်း၍ အ.ထ.ကကျောင်း၌ ခြုံနွယ်မြက်ပင်များ ခုတ်ထွင်း ရှင်းလင်းခဲ့ကြောင်း၊ ရှော်တော မော်ကျေးရွာတွင် စခန်းမှူးရဲအုပ်အောင်နိုင် ဦးဆောင်၍ ရဲတပ်ဖွဲ့ ဝင်အင်အား (၁၁)ဦး နှင့် ကျေးရွာတာဝန်ခံတို့ ပူးပေါင်း၍ မြတ်လေးရုံ ဘုန်းတော်ကြီး‌ ကျောင်း ခြုံနွယ်မြက်ပင်များ ခုတ်ထွင်းရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ကာ အမှိုက်များကို စနစ်တကျစွန့်ပစ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)