သဲကုန်းမြို့နယ်တွင် ပရဟိတအသင်းများနှင့် စေတနာ့၀န်ထမ်း (Volunteer)များအား စက်သုံးဆီဖိုးငွေများနှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့

သဲကုန်း    စက်တင်ဘာ    ၂၀

ပဲခူးတိုင်းဒေသကြီး၊   ပြည်ခရိုင်၊  သဲကုန်းမြို့နယ်တွင်   ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး      လုပ်ငန်းများ တွင်     ပူးပေါင်းပါ၀င်သော ပရဟိတအသင်းများနှင့် Facility Quarantine Centre များ တွင် တာ၀န်ထမ်း ဆောင်နေသော  စေတနာ့၀န်ထမ်း (Volunteer) များအား လူမှု၀န်ထမ်းဦးစီးဌာနမှ စက်သုံးဆီဖိုးငွေ ထောက်ပံ့ခြင်းနှင့်    မြို့နယ်ကိုဗစ်-၁၉    ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကာကွယ်ရေး ပစ္စည်းများထောက်ပံ့ခြင်းကို စက်တင်ဘာ ၁၈  ရက် နေ့လည်(၂)နာရီ က   သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အင်းမ၊  ချားလျားကုန်း၊ ဖလံကုန်း၊ ၀က်ပုတ်နှင့် ပုတီးကုန်းနယ်မြေများရှိ ပရဟိတအသင်း (၈)သင်းအား တစ်သင်းလျှင်  စက်သုံးဆီထောက်ပံ့ငွေ (၁၅၀၀၀၀)ကျပ်၊   N95 နှာခေါင်းစည်းအခု (၂၀)၊     Surgical Mask (၃)ဘူးနှုန်းဖြင့် လည်းကောင်း၊  အင်းမ FQC နှင့် ပုတီးကုန်း FQC များတွင်  တာ၀န်ထမ်းဆောင်နေသော စေတနာ့၀န်ထမ်း (Volunteer)များအတွက် ဆိုင်ကယ်ဆီဖိုး   တစ်သိန်းစီ အားလည်းကောင်း၊  အင်းမ FQCနှင့် ပုတီးကုန်း FQCတို့အတွက်  FQCတစ်ခုလျှင် PPE၀တ်စုံ(၅)စုံ၊ Surgical Grown (၁၀)ထည်၊    N95 (၂)ဘူး၊   Surgical Mask (၁၀) ဘူး၊      လက်ဆေးဆပ်ပြာဆီ ( ၄ )ဘူးစီတို့အား   လည်းကောင်း၊ အင်းမစစ်ဆေးရေးဂိတ်နှင့်  ပုတီးကုန်းစစ်ဆေးရေးဂိတ်တို့အတွက်      Surgical   Mask (၁၀) ဘူးစီတို့အား လည်းကောင်း  အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို   သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝေဖြိုးကျော်၊  မြို့နယ်မီးသတ်ဦးစီးဌာန  ဦးစီးမှူး  ဦးရန်မျိုးအောင်၊     မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဦးနိုင်လင်းတို့မှ  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီကိုယ်စား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(သဲကုန်း၊ ပြန်/ဆက်)