မြင်းမူ နိုဝင်ဘာလ ၁၆
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ် စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲကို မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည်တိုက်တွင် နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှုး ဦးနေလင်းအောင်က အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက်စာပေ ဝါသနာရှင်များက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအား အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်/စာစောင်(၉၀)ကျော်အား စာပေအမြည်းအဖြစ် ဖတ်ရှု့လေ့လာခဲ့ကြသည်။ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများအဖြစ် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ (talk show) များကို အပါတ်စဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)